
အကျွန်ုပ်မည်သူဖြစ်ပါသနည်း။ ကျွန်ုပ်ဤနေရာမှာ ဘာကြောင့်ရှိနေရသနည်း။ ကျွန်ုပ်သည် အရေးပါပါသလား။ ဤမေးခွန်းများသည် ကျွန်ုပ်တို့အားလုံး တစ်ကြိမ် (သို့) အခြားအချိန်များတွင် ကိုယ့်ကိုယ်ကိုမေးမြန်းခဲ့ကြသော မေးခွန်းများဖြစ်ပါတယ်။ ဘဝကိုဖြတ်သန်းစဉ် ကျွန်ုပ်တို့မည်သူဖြစ်ကြောင်း၊ ဘာကြောင့် ကျွန်ုပ်တို့ကို ဖန်ဆင်းခဲ့ရကြောင်းနှင့် ကျွန်ုပ်တို့၏ဘဝရည်မှန်းချက်သည် မည်သို့ရှိကြောင်း နားလည်ရန် ကျွန်ုပ်တို့တောင့်တကြပါတယ်။ ကျွန်ုပ်တို့သည် ကိုယ့်ကိုယ်ကို မည်သူဖြစ်ကြောင်းကို နားမလည်ဘဲ ဤမေးခွန်းများကို ဖြေဆို၍မရနိုင်ပါ။ ကျွန်ုပ်တို့သည် မိမိ၏ဖြစ်ခြင်းအမှန်ကိုမသိဘဲ ကျွန်ုပ်တို့နေထိုင်သင့်သည့် ဘုရားသခင်ပုံဖော်ထားသော ဘဝပုံစံအတိုင်းနေထိုင်ခြင်း ပြုနိုင်မည်မဟုတ်ပါ။ မိသားစု၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ သူငယ်ချင်းများ၊ ဝါသနာများ (သို့) နိုင်ငံသားဖြစ်ခြင်းတို့က ကျွန်ုပ်တို့၏ဖြစ်တည်မှုကို လွယ်ကူစွာသတ်မှတ်နိုင်ပါတယ်။ ကျွန်ုပ်တို့၏လုပ်ရပ်များ၊ နှုတ်ထွက်စကားလုံးများ (သို့) ဂုဏ်သတင်းအားဖြင့် ကျွန်ုပ်တို့၏ဖြစ်ခြင်းကို မကြာခဏဆုံးဖြတ်တတ်ကြပါတယ်။ " လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာ တို့သည်ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ " (၂ ကော ၅ ၁၇) ခရစ်တော်၌ ကျွန်ုပ်တို့၏ အရေးကြီးသော ဖြစ်တည်မှုလက္ခဏာ တစ်ခုတည်းရှိပါတယ်။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို မည်သို့ပင် အဓိပ္ပာယ်ဖွင့်ဆိုသည်ဖြစ်ပါစေ ခရစ်တော်၌ ကျွန်ုပ်တို့၏ ဖြစ်တည်မှု ဝိသေသလက္ခဏာသည် မပြောင်းလဲပါ။ ခရစ်တော်သည် ကျွန်ုပ်တို့ကို အပြစ်မှကယ်တင်၍ မှောင်မိုက်ထဲမှ ကယ်လွှတ်တော်မူပြီး ရှက်ကြောက်ခြင်းမှ ရွေးနှုတ်တော်မူခဲ့ပါတယ်။ ခရစ်တေ
Page Count:
114
Publication Date:
2024-01-26
Publisher:
Blurb, Incorporated
ISBN-10:
1006777016
ISBN-13:
9781006777011
No comments yet. Be the first to share your thoughts!