
ဘဝတွင် စိန်ခေါ်မှုများနှင့် အခက်ခဲအမှုများစွာ တွေ့ကြုံရသောအခါ ကျွန်ုပ်တို့သည် နှစ်သိမ့်အားပေးမှုကို အမှန်တကယ်လိုအပ်ပါတယ်။ ဘယ်နေရာကိုဦးတည်သွားရမှာလည်းဆိုတာ သေသေချာချာမသိသောအချိန်တွင် ကျွန်ုပ်တို့အတွက်မျှော်လင့်စရာလိုအပ်ပါတယ်။ ကျွန်ပ်တို့အပြစ်ပြုမိသောအခါ ကယ်တင်ရှင်ကိုဧကန်အမှန်လိုအပ်ပါတယ်။ မိမိ၏ယုံကြည်ခြင်းကို သံသယဝင်သောအချိန်တွင်လည်း ကျွန်ုပ်တို့သည်အာမခံချက်လိုအပ်ပါတယ်။သခင်ယေရှုသည်ကျွန်ုပ်တို့၏နှစ်သိမ့်မှု၊ မျှော်လင့်ချက်၊ ကျွန်ုပ်တို့ကိုကယ်တင်သောအရှင်၊ ကျွန်ုပ်တို့၏အာမခံချက် ဖြစ်ပါတယ်။ သခင်ယေရှုသည် ရှေးဦးအစသမိုင်းအစဉ်အဆက်ကတည်းကနေ ယခုအချိန်အထိ ကျွန်ုပ်တို့မျှော်လင့်စောင့်စားခဲ့ရသော ကယ်တင်ရှင်မေရှိယလည်းဖြစ်ပါတယ်။ ထိုသူသည်ဘုရား၏သားတော်၊ သခင်ခရစ်တော်ဖြစ်ပါတယ်။"စင်စစ် ဤသူသည် ဘုရားသခင်၏သားတော်မှန်ပေ၏ဟုဆို၏။" ရှင်မာကုခရစ်ဝင် ၁၅: ၃၉ ရှင်မာကုခရစ်ဝင်သည် တန်ခိုးပါသော ခရစ်တော်သက်တော်စဉ်မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ သခင်ယေရှု၏ဝိသေသလက္ခဏာကို စာမျက်နှာတိုင်းတွင် တွေ့ရပြီး သစ္စာရှိသော အစေခံကျွန်တစ်ယောက်အဖြစ် ဤလောကသို့ဆင်းကြွ၍အမှူတော်ကို ပြီးမြောက်အောင်လုပ်ဆောင်လိုခြင်းနှင့် သူ၏တန်ခိုးတော်၊ အံ့ဖွယ်လက္ခဏာများအကြောင်းကိုပါ တွေ့ရမှာဖြစ်ပါတယ်။ အကြောင်းအရာတိုင်းတွင် ရှင်မာကုက "သင်တို့၏ ယုံကြည်ခြင်းသည် အဘယ်မှာနည်း။" ဟုမေးထားပါတယ်။ ရှင်မာကုခရစ်ဝင်ကျမ်းကို လေ့လာဖတ်ရှုသောအခါ "ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် ခရစ်တော်၌တည်နေခြင်းလား။ ဒါမှမဟုတ် မိမိကိုယ်ကို၌သာ တည်နေခြင်းလား။" ဆိုတာကို မိမိကိုယ်မိမိ မမေးဘဲ မနေနိုင်အောင်ဖြစ်ရပါတယ်။ဤ The Gospel of Mark ကျမ်းစာလေ့လာခြင်းသင်ခန်းစာသည် ရှင်မာကုခရစ်ဝင်ကျမ်းအား လေ့လာခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့သည် ဤအရေးကြီးသော ခရစ်တော်သက်တော်စဉ်မှတ်တမ်းကို ခြောက်ပါတ်ကြာ လေ့လာသင်ယူမှာ ဖြစ်သောကြောင့် "သ&#
Page Count:
164
Publication Date:
2024-06-26
Publisher:
Blurb, Incorporated
ISBN-10:
1034432435
ISBN-13:
9781034432432
No comments yet. Be the first to share your thoughts!